ဒီမိုကရေစီသည် နိုင်ငံရေးစနစ်တခုဖြစ်ပြီး လူသား၏ လွတ်လပ်မှုနှင့်
ဂုဏ်သိက္ခာပေါ်တွင် အခြေခံထားသော စနစ်ဖြစ်သည် ။
ဒီမိုကရေစီဆိုသည်မှာ လူတိုင်းတွင် လူသားဟူသော ကိုယ်ပိုင်ဂုဏ်သိက္ခာ
ရှိသည်ဟူသော ယုံကြည်ချက်ကို အခြေခံထားသောစနစ်ဖြစ်သည် လူတိုင်းတွင်
လူ့ဂုဏ်သိက္ခာကို အစိုးရက ပေးအပ်ထားခြင်းမဟုတ်ဘဲ၊ လူသားဟူသော
အဖြစ်ကြောင့် လူတိုင်းတွင် လူ့ဂုဏ်သိက္ခာ ပိုင်ဆိုင်၏ဟု ဒီမိုကရေစီစနစ်က
ယုံကြည်ထားသည်။
ဒီမိုကရေစီစနစ်အောက်တွင် ပြည်သူလူထု၏ လွပ်လပ်မှု
နှင့် ဂုဏ်သိက္ခာကို အကာအကွယ်ပေးသော အခွင့်အရေးများရှိသင့်သည်။
လွပ်လပ်စွာပြောဆိုခွင့်တို့လည်း ပါဝင်သည်။ လွပ်လပ်စွာဆိုသည်မှာ
အကြောင်းခိုင်လုံမှုမရှိဘဲ ထောင်သွင်းအကျဉ်းချထားခြင်း မခံရရန်နှင့်မျှတသော
တရားစီရင်မှုကို နာကြားခွင့်ရရန်တို့ကို ဆိုလိုသည်။ လူသား၏ လွပ်လပ်မှုနှင့်
အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန်ဟူသော
ရည်ရွယ်ချက်တစ်ခုအတွက် အစိုးရ အာဏာသည် တည်ရှိနေရခြင်းဖြစ်သည်။
တိုက်ရိုက်နှင့် ကိုယ်စားပြုဒီမိုကရေစီ
တိုက်ရိုက်ဒီမိုကရေစီ၌ ပြည်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံသားတိုင်းပါဝင်နိုင်၏
ဆိုလိုသည်မှာ နိုင်ငံသားတိုင်း အစည်းအဝေးများ၌ တက်ရောက်ဆွေးနွေးနိုင်ပြီး
ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်၏။ ဤပုံစံသည် ရှေးဂရိလူမျိုးများ
ကျင့်သုံးသော ဒီမိုကရေစီပုံစံဖြစ်ပြီး ဆုံးဖြတ်ချက်များကို ပြုလုပ်ရန်လိုအပ်ပါက
တိုင်းသူပြည်သားအားလုံး ပါဝင်သည့်စနစ်ဖြစ်သည်။ တိုက်ရိုက်ဒီမိုကရေစီကို
လူအနည်းစုအတွင်း၊ အသိုင်းအ၀ိုင်းအဖွဲအစည်းအတွင်း(သို့) လူမျိုးစုံအဖွဲ့အစည်း
အစည်းငယ် (tribal council)အတွင်း၌သာလက်တွေ့ကျကျ ကျင့်သုံးနိုင်သည်။
အဘယ်ကြောင့်ဆိုသော် အခက်အခဲများဆွေးနွေးရန်နှင့် အများ၏ဆန္ဒကို
ခံယူခြင်းဖြင့် ဆုံးဖြတ်ချက်များကို အခန်းတခုတွင်း၌ တလုံးတ၀တည်း
တွေ့ဆုံဆွေးနွေးနိုင်သောကြောင့်ဖြစ်သည်။ လူဦးရေ ကြီးမားပါက
၎င်းကိုမည်သို့မျှ ပြုလုပ်၍ ရမည်မဟုတ်ပါ။ မြန်မာတနိုင်ငံလုံးရှိလူများကို
အခန်းတခုအတွင်း၌ စုစည်း၍ ပြဿနာများကို သုံးသပ်ဆွေးနွေးနိုင်မည်
မဟုတ်ချေ။
ခေတ်သစ် လူ့အဖွဲ့အစည်းသည် လူဦးရေ အလွန်ကြီးမားသည်။
ထို့ကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် မဖြစ်နိုင်ချေ။
ယနေ့အသုံးများသော ဒီမိုကရေစီ စနစ်မှာ ကိုယ်စားပြုဒီမိုကရေစီစနစ်ဖြစ်သည်။
ဤစနစ်၌ ပြည်သူတို့သည် နိုင်ငံရေး၊ ဥပဒေနှင့် စီမံခန့်ခွဲမှုတို့ကို
ဆွေးနွေးဆုံးဖြတ်နိုင်ရန်အတွက်၊၄င်းတို့ကို ကိုယ်စားပြုသည့် တာဝန်ရှိသူတို့ကို
ရွေးချယ်တင်မြှောက်ကြသည် ။ ကိုယ်စားပြု ဒီမိုကရေစီစနစ်တွင်
ပြည်သူ့ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌ပြည်သူတို့၏အမြင်နှင့် လိုအပ်ချက်တို့ကို
တင်ပြဆွေးနွေးနိုင်မည်ဟု ယုံကြည်ရသောသူကို လူအများက
ရွေးချယ်တင်မြှောက်ကြသည်။
နိုင်ငံသားများပါဝင်မှုရှိသည့်စနစ်ပုံဆောင်သော ဒီမိုကရေစီ
ဒီမိုကရေနှင့် ဒီမိုကရေစီမကျသော အုပ်ချုပ်သူများ၏ ကွာခြားချက်တစ်ခု
မှာ ၄င်းတို့အာဏာရရှိလာသည့်ပုံစံဖြစ်သည်။ ဒီမိုကရေစီ၌ အုပ်ချုပ်မည့်သူကို
ပြည်သူလူထုက ရွေးချယ်အာဏာအပ်နှင်းသည်။
အခြားသောကွာခြားချက်တခုမှာ ဒီမိုကရေစီနည်းကျ
အုပ်ချုပ်သူများသည် ၄င်းတို့၏ လုပ်ဆောင်မှုအပေါ် တာဝန်ယူုခြင်းဖြစ်သည်။
ဆိုလိုသည်မှာ အစိုးရနှင့် နိုင်ငံရေးသမားများ၏ လုပ်ဆောင်မှုများတွင်
ပြည်သူလူထုက ၄င်းတို့၏ ထောက်ခံမှု(သို့) ကန့်ကွက်မှုကို
ထုတ်ဖော်ပြသနိုင်ခြင်းဖြစ်သည် အစိုးရနှင့် နိုင်ငံရေးသမားတို့သည်
ပြည်သူလူထုကို ကိုယ်စားပြုရပြီး၊ ပြည့်သူ့သဘောထားအတိုင်း
လုပ်ဆောင်ရသည်။
ဒီမိုကရေစီမကျသောစနစ်အောက်၌ ပြည်သူများအနေဖြင့်
ဝေဖန်ပြောခွင့်မရှိသဖြင့် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးသောအခါ အစိုးရ
အနေဖြင့်မိမိတို့၏ လုပ်ရပ်တိုင်းအပေါ် တာဝန်ရှိမှုကို လက်ခံရန်
အခက်ကြုံရသည်။
လက်ရှိဒီမိုကရေစီစနစ်
ယနေ့အချိန်အထိ လူအများစုတို့သည် ဒီမိုကရေစီမကျသော စနစ်အောက်၌
ကျင်လည်နေကြရသည်။ ဒီမိုကရေစီမကျသော စနစ်ရှိ အုပ်ချုပ်သူများ၏
အကြောင်းပြချက်မှာ လူအများစုတို့ တိုင်းပြည်အုပ်ချုပ်ရေး၌
အရည်အချင်းမပြည့်မှီသောကြောင့် မိမိတို့ကသာ အုပ်ချုပ်ရခြင်းဖြစ်သည်ဟူ၏
ရှုပ်ထွေးပွေလီလှသော နိုင်ငံအုပ်ချုပ်ရေးရာကို ပြည်သူများအနေဖြင့်
မိမိတို့ထက် ဥာဏ်ပညာကြွယ်ဝသောပညာရှိများ(ခေါင်းဆောင်များ)
လက်တွင်းအပ်နှံခြင်းဖြင့် သာယာဝပြောမှုကိုဖြစ်စေလိမ့်မည် ဟူ၏။
၂၀ရာစုနှစ် အလယ်ပိုင်း၌ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့၏
ဒီမိုကရေစီ စနစ်သည်ပို၍ ထင်ပေါ်လာပြီး ဘုရင်အုပ်ချုပ်ရေးနှင့်ကြေးရတတ်များ
သာမင်းပြုအုပ်ချုပ်သော စနစ်ဟောင်းများတိမ်မြုပ်ကုန်၏ ကြေးရတတ်များ၏
လက်တွင်း၌သာ အာဏာရှိရမည်ကို လူတို့မယုံကြည်တော့ပေ။
၂၀ ရာစုနှစ်အတွင်း ဒီမိုကရေစကိုဆန့်ကျင်သောနိုင်ငံများ ကွန်မြူနစ် ၊ဖက်ဆစ်၊
နာဇီ(၀ါ) ဆိုဗီယက်ကဲ့သို့သောနိုင်ငံတို့ တိမ်မြုပ်ပျောက်ကွယ်ကာ ပြိုကွဲခဲ့ရ သည်
စစ်အာဏာရှင်စနစ်မှာ လက်ခံနိုင်ဖွယ်ရာမရှိတော့ပေ။ သို့သော်
ကမ္ဘာပေါ်တွင်ရှိသောသူများအားလုံး ဒီမိုကရေစီစနစ်ကိုမထောက်ခံကြသေးပေ။
ဒီမိုကရေစီ အစိုးရစနစ်ကို ကျင့်သုံးသော နိုင်ငံများသည် ကမာ့္ဘပေါ်ရှိနိုင်ငံ
စုစုပေါင်း၏ ထက်ဝက်ခန့်မျှပင် မရှိသေးဘဲ၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏
တ၀က်အောက်လည်း နည်းသေးသည်။ ကမ္ဘာ့လူဦးရေ ငါးပုံတပုံမှာ
တရုပ်ပြည်ကဖြစ်ပြီး နှစ်လေးထောင်အတွင်းဒီမိုကရေစီအစိုးရ၏ အုပ်ချုပ်မှု
အောက်၌ တခါမျှမနေဖူးသောသူများဖြစ်သည်။ ရုရှား၌ ဒီမိုကရေစီသို့
အကူးအပြောင်းကို ၂၀ ရာစု၏နောက်ဆုံးပိုင်း ၊ ဆယ်စုနှစ်ကျမှာသာဖြစ်ပေါ်ခဲ့ပြီး
ဒီမိုကရေစီစနစ်အားထောက်ပို့မှုမှာ လွန်စွာအားနည်းလှသည်
ဒီမိုကရေစီစနစ်ကို နှစ်ကာလရှည်ကြာစွာ ကျင့်သုံးလာခဲ့သောနိုင်ငံများတွင်
တောင်မှ ပြဿနာများရှိနေသေးသည်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်ခြင်း၏အခြေခံစည်းမျဉ်းများ
ဒီမိုကရေစီအစိုးရတရပ်အတွက် ရှိရမည်ဖြစ်သောအခြေခံသဘောတရားများကို
ကမ္ဘာတ၀ှမ်းရှိ ပြည်သူများကခွဲခြမ်းစိတ်ဖြာကြသည် ယင်းသဘောတရာများ
မကြာခဏဆိုသလို ဒီမိုကရေစီလူ့အဖွဲ့အစည်းတခု၏ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေ
ခံဥပဒေနှင့် လူ့အခွင့်ရေးဆိုင်ရာ ဥပဒေများ၏ အစိတ်ပိုင်းတခုဖြစ်လာလေသည်
ဒီမိုကရေစီစနစ်ကိုကျင့်သုံးသောနိုင်ငံနှစ်ခု၏ တထပ်တည်းကျစွာ
တူညီမည်မဟုတ်သော်လည်း ဤစနစ်ကိုကျင့်သုံးသောနိုင်ငံရှိ ပြည်သူတို့မှာ
ဒီမိုကရေစီ၏ တူညီသော အခြေခံသဘောတရားများကို ထောက်ခံကျြပြီး
အစိုးရထံမှ ၄င်းတို့မျှော်မှန်းသော ဆန္ဒတို့မှာမူ တူညီကျလေသည်
အောက်တွင်ဖော်ပြထားသည့် သဘောတရားတို့သည် ဒီမိုကရေစီ စနစ်၏
လမ်းညွှန်အမှတ်အသားများဖြစ်သည်
နိုင်ငံသားများ၏ပူးပေါင်းပါဝင်မှု
ဒီမိုကရေစီစနစ်တွင် ပူးပေါင်းပါဝင်မှုသည်၊နိုင်ငံသားများအတွက်အဓိကတာဝန်
ဖြစ်သည်။ ယင်းသည်၎င်းတို့၏အခွင့်အရေးအဖြစ်သာမပာုတ်၊ ၄င်းတို့၏၀တ္တရား
လည်းဖြစ်သည်၊ နိုင်ငံသားတို့၏ ပူးပေါင်းပါဝင်မှုသည် ပုံသဏ္ဍန်အမျိုးမျိုး
ရှိနိုင်ပြီး ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းနှင့် ဆန္ဒမဲထည့်ဝင်ခြင်း
သတင်းအချက်အလက်များကို သိရှိရခြင်း ၊ ပြဿနာအကြောင်းအရာများအပေါ်
ဆွေးနွေးငြင်းခုံရခြင်း ၊လူထုအစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်း၊
ပုဂ္ဂလိက လုပ်အားပေး အဖွဲ့အစည်းတို့၌ အဖွဲ့အ၀င်ရှိခွင့်ရှိခြင်း၊ အခွန်တော်ပေး
အခွန်တော်ပေးဆောင်ခြင်းနှင့် ဆန့်ကျင်ဆန္ဒပြခြင်းတို့ပင်လျှင်ပါဝင်သည်။
ပူးပေါင်းပါဝင်ခြင်းသည် ပိုမိုကောင်းမွန်သော ဒီမိုကရေစီစနစ်ကို
တည်ဆောက်ပေးသည်။
တန်းတူညီမျှမှု
လူသားအားလုံး တန်းတူညီမျှခြင်းပာူသော သဘောတရားကို ဒီမိုကရေစီ
လူ့ဘောင်အဖွဲ့အစည်းက အလေးထားသည် ။ တန်းတူညီမျှမှုဆိုရာတွင်
လူတိုင်း၌ တူညီသောတန်ဖိုးရှိပြီး၊ တူညီသောအခွင့်အရေးကို ပိုင်ဆိုင်ကာ၊
၎င်းတို့၏အသားအရောင် ကိုးကွယ်မှု ၊ လူမျိုးစု၏ လိင် ကွဲပြားခြားနားမှုတို့
ကြောင့်ခွဲခြားဖိနှိပ်ခံရခြင်း မရှိစေရာ။ ဒီမိုကရေစီစနစ်၌ လူအုပ်စုတိုင်း၊ တသီး
ပုဂ္ဂလတိုင်း ၄င်းတို့၏မတူကွဲပြားသောရိုးရာ သွင်ပြင်စရိုက်လက္ခဏာ၊ ဘာသာ
စကားနှင့်ယုံကြည်မှုတို့ကို ကျင့်သုံးပိုင်ဆိုင်ခွင့်ရှိသည်။
နိုင်ငံရေးအရသည်းခံနိုင်မှု
ဒီမိုကရေစီလူ့ဘောင်အဖွဲ့စည်းတို့၌ နိုင်ငံရေးအရ သည်းခံစိတ်ရှည်နိုင်မှုရှိကြ
သည်ဆိုလိုသည်မှာ ဒီမိုကရေစီစနစ်၌ လူအများစုက အုပ်ချုပ်သော်လည်း
လူအနည်းစုတို့၏အခွင့်အရေးများကို ကာကွယ်ပေးထားရမည်။ အာဏာမရှိ
သောသူများမှလည်း ဖွဲ့စည်းလုပ်ဆောင်ပိုင်ခွင့်နှင့် ပြောဆိုပိုင်ခွင့်ရှိရမည်။
နိုင်ငံသားတိုင်းတစ်ဦးအပေါ်တစ်ဦးနားလည်သည်းခံတက်ရန် ကျင့်ယူရသည်
တခါတရံ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းသည် မတူကွဲပြားသောယဉ်ကျေးမှု
အသားအရောင် ၊ယုံကြည်ကိုးကွယ်မှုကိုအများစုအမြင်နှင့် မတူပဲ ကိုယ်ပိုင်အ
မြင်ဖြင့် ရပ်တည်သောတိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည်။
လူအများစုကလူနည်းစု၏အခွင့်အရေးကိုငြင်းပယ်လာသော၊ ၄င်းတို့သည်လည်း
ဒီမိုကရေစီစနစ်ကိုဖြတ်ဆီးခြင်းပင်ဖြစ်သည်။
တာဝန်ယူတက်မှု
ဒီမိုကရေစီစနစ်၌ ရွေးချယ်တင်မြောက်ခြင်းခံရသောသူများသည် ပြည်သူ့အ
တွက်တာဝန်ယူမှုရှိရမည်။ ၄င်းတို့၏လုပ်ဆောင်မှုများအတွက် ၄င်းတို့တွင်
တာဝန်ရှိသည်။ တာဝန်ရှိသူများသည် အများ၏ဆန္ဒအတိုင်း ဆုံးဖြတ်ပြီး
တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ၄င်းတို့အတွက်မဖြစ်စေရ။
ပွင့်လင်းညင်သာရှိမှု
အစိုးရအားယုံကြည်စိတ်ချရန်အတွက် တိုင်းပြည်အတွင်း၌ ဖြစ်ပျက်နေသည်
များကို ပြည်သူလူထုမှ သိရှိရမည်ဖြစ်သည်။ သို့မှသာ အစိုးရကိုယုံကြည်စိတ်
ချ၍ရ၏ ။ ယင်းကိုပွင်းလင်းမြင်သာမှုရှိသော အစိုးရတရပ်အဖြစ်ရည်ညွှန်းသည်၊
ယုံကြည်စိတ်ချရသောအစိုးအရသည် ပြည်သူ့အစည်းအဝေးများကို ခေါ်ယူ
ကျင်းပပြီး တိုင်းသူပြည်သားများကိုတက်ရောက်စေသည်။ ဒီမိုကရေစီ၌
အစိုးအရမှမည်သည့်ဆုံးဖြတ်ချက်များကိုမည်သူကပြုလုပ်ပြီး မည်သည့်အတွက်
ကြောင့် ပြုလုပ်သည်ဆိုတာကို သတင်းဌာနနှင့်လူအများမှ သိရှိနိုင်ရမည်ဖြစ်
သည်။
လွတ်လပ်၍တရားမျှတသောပုံမှန်ရွေးကောက်ပွဲများ
နိုင်ငံသားများသည် ၄င်းတို့၏ဆန္ဒကို ထုပ်ဖေါ်သည့်နည်းလမ်းတခုမှာ၊ အစိုးအ
ရအတွင်း၌ ၄င်းတို့ကို ကိုယ်စားပြုသည့် တာဝန်ရှိသူကို မဲပေးရွေးကောက်တင်
မြောက်ခြင်းဖြစ်သည်။ ရွေးကောက်တင်မြောက်ခြင်းခံရသော တာဝန်ရှိသူများ
သည်၊ အစိုးအရအဖွဲ့အတွင်းတွင်ရာထူး နေရာ ရရေးနှင့် အေးချမ်းစွာဖယ်ရှား
ခြင်းတို့အတွက် လွတ်လပ်ပြီးတရားမျှတမှုရှိစေရန် ဒီမိုကရေစီစနစ်ကပြဌာန်း
ပေးထားသည်။ စာရိတ္တပျက်ပြားမှုနှင့်နိုင်ငံသားတို့အား ခြိမ်းခြောက်အကျပ်
ကိုင်မှုများကို ၊ ရွေးကောက်ပွဲမတိုင်မီသောလည်းကောင်း၊ရွေးကောက်ပွဲပြီးမှ
သော်လည်းကောင်း၊ ဖြစ်ပေါ်လာပါကဒီမိုကရေစီ၏ သဘောတရားများကို
ဆန့်ကျင်ခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲ၌ပါဝင်ယှဉ်ပြိုင်သူတို့သည် ၄င်း၏
ကုံလုံကြွယ်ဝမှုအပေါ် အခြေမပြုရ၊ ထို့အပြင်ပြည်သူများ မဲဆန္ဒပေးခြင်းကိုခက်
ခဲနှောက်နှေးကြန့်ကြာစေမည့်မည်သည့်အရာမျှမရှိစေရ။
စီးပွားရေးလွတ်လပ်မှု
ဒီမိုကရေစီစနစ်အောက်ရှိသူများ၌ စီးပွားရေးလွတ်လပ်မှုပုံသဏ္ဍန်အချို့ကိုပိုင်
ဆိုင်ရ၏။ ဆိုလိုသည်မှာပစ္စည်းဥစ္စာနှင့် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင်
ဆိုင်မှုကို အစိုးရကခွင့်ပြုပြီး၊ ပြည်သူလူထုသည်မိမိ၏ အလုပ်အကိုင်နှင့် အလုပ်
သမားသမဂ္ဂတို့ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။စီးပွားရေးတွင်အစိုးရပါဝင်ရမည့်
ကဏ္ဍမှာအချေအတင်ဆွေးနွေးမှုများကို ဖွင့်ပေးရန်ဖြစ်သည်။ သို့သောယေဘု
ယျအားဖြင့် လက်ခံထားသည်မှာဒီမိုကရေစီစနစ်၌ လွတ်လပ်သောဈေးကွက်
စီးပွားရေး စနစ်ရှိသင့်ပြီး၊ အစိုးရမှစီးပွားရေးအကုန်လုံးကို မထိန်းချုပ်သင့်ပေ
အချို့သူတို့မှအတိုက်အခံတင်ပြလာသည်မှာ အတိပ်ကခွဲခြားဖိနှိပ်မှုတို့ကြောင့်
(သို့)အခြားသောမတရားစီးပွားရှာထားမှုတို့ကြောင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခြေ
အနေ မတရားကွာခြားနေရသဖြင့်၊ တိုင်းပြည်ကစီးပွားရေးကို ပိုမိုထိန်းချုပ်သင့်
သည်ပာု အဆိုပြုကြ၏။
အာဏာအလွဲသုံးစားပြုမှုကိုထိန်းချုပ်ခြင်း
ဒီမိုကရက်တစ်လူမှုအဖွဲ့အစည်းသည် ရွေးကောက်ခံရသူမည်သူမဆို(သို့) လူအုပ်စုတစ်စု
မှအာဏာကိုအလွဲသုံးစားပြုခြင်းကိုကာကွယ်ပာန့်တာရန်ကြိုးစားသည်။အာဏကိုအလွဲသုံး
စားပြုခြင်း၏အကြီးမားဆုံးသောလုပ်ရပ်များထဲမှ၊အဖြစ်အများဆုံးသောတခုမှာ လာဘ်စား
မှုဖြစ်သည်။အစိုးရတာဝန်ရှိသူများသည် ပြည်သူ့ရန်ပုံငွေကို ကိုကျိုးအတွက်အသုံးချခြင်း
(သို့) အာဏာကို တရားမ၀င်ကြင့်သုံးခြင်းဖြင့်လာဘ်စားမှုများဖြစ်ပေါ်လာသည်။ထိုကဲ့သို့
အလွဲသုံးစားလုပ်မှုများကိုကာကွယ်ရန်အတွက် တိုင်းပြည်အမျိုးမျိုးတွင် နည်းလမ်းအမျိုး
မျိုးကိုအသုံးပြုခဲ့ကြပြီဖြစ်သည်။ အစိုးရဌာနခွဲများ၏ လုပ်ပိုင်ခွင့်များကိုကန့်သက်ရန်အ
တွက်အစိုးရ၏ ဖွဲ့စည်းပုံကိုအကြိမ်များစွာ ပြင်ဆင်ဖွဲ့စည်းကြသည်။ ရွေးကောက်တင်
မြောက်ခြင်းခံရသော တာဝန်ခံများ (သို့)အစိုးရအဖွဲ့ခွဲတခုမှ ၄င်းတို့၏အာဏာကိုအသုံး
ပြုပြီး ဥပဒေနှင့်မညီသောအရာကိုပြုလုပ်လာပါက၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်အာဏာရှိ
သည့်တရားရုံးများနှင့် တရားရေးအဖွဲ့များထားရှိရန်၊
နိုင်ငံသားများအားရွေးကောက်ပွဲများတွင်ပူးပေါင်းပါဝင်ခွင့်ပေးရန်နှင့်ရဲများ၏အာဏာအလွဲ
သုံးစားလုပ်မှုများကိုစစ်ဆေးရန်တို့ဖြစ်သည်။
0 comments:
Post a Comment