“မေမေ့အတွက် မွေးနေ့လက်ဆောင်”
ငါးဖယ်ငါးဆုပ် ဟင်အိုးကို....နံနံပင်လေးအုပ်ပြီး…ဂက်စ်မီးဖိုပေါ်ကချ …။
မုန်ညင်းရွက်နဲ့ပုဇွန်ဆိတ်လေး ကိုအစိမ်းကြော်ကြော်…ပြီးတော့..ထမင်း ဟင်း
ချက်ခြင်းအလုပ်ပြီးပါပြီ…..။
ဆွမ်းတော်ကပ်ဖို့..
ဆွမ်းဟင်းပြင်ပြီး မီးဖိုခန်းဘေးတံခါးကို…ပိတ်ဖို့
လုပ်ရပါတယ်။တံခါးပိတ်မလို့လုပ်တော့…ဘာရယ်မဟုတ်..တဘက်ခြမ်း…..
တိုက်ခန်းတွေရဲ့ အပေါ်မှအောက်သို့ဆင်းတဲ့ ….အရေးပေါ်…(Emergency)
လှေကားကို…အကြည့်တစ်ချက်ရောက်မိပါတယ်…..။အရေးပေါ်လှေကားရဲ့
အောက်ခြေပိုင်းက…ခြေနင်းပြား( 5)ခုလောက်မှစရ်ျ …သံချေးတက်ပြီး…
ပြတ်ကျနေပါတယ်…။စိတ်ထဲမလဲ…“““ဟယ်……ဒုက္ခပါပဲ..”” ။
““အရေးပေါ်လှေကားပါဆိုမှ..အလျော်ပေးရမဲ့လှေကား…ဖြစ်နေပါပေါ့လား””
ဟုစိတ်မသက်မသာတွေးလိုက်မိပါတယ်….။
အဲအတွေးက အဲနေရာမှာတင်ရပ်သွားပါတယ်…။
မရပ်လို့ကလဲမရ….။ဒီနေ့….ဘုရားကိုလိုက်ပို့ပေးဖို့..တစ်ဝမ်းကွဲ
မောင်လေးကိုအပူကပ်ထားရတာက ရှိနေသေးတာကိုး…လေ..။
““ ဒီနေ့တပေါင်းလပြည့်နေ့.. မေမေ့မွေးနေ့ပါ”””အဲကြောင့်ဘုရား
သွားချင်နေတာပါ….။အခုပဲ…မနက် 93း0 ရှိနေပါပြီ…။ဆွမ်းတော်ကပ်
ရေချိုးပြီးချိန်မှာ…မောင်ဝမ်းကွဲ အငယ်ကောင်ရောက်လာပါတော့တယ်..။
ခဏစောင့်ခိုင်းထားပြီး…မိန်းကလေးတာဝန်ကျေအောင်..သနပ်ခါး
လူးလိုက်ပါတယ်…။အလှတော့တခါမှမပြင်ဘူးတာပါ…။မလှချင်လို့
မဟုတ်ရပါ…။အလှမပြင်တတ်တာနဲ့…ပြင်စရာ ပစ္စည်း မရှိ မ၀ယ်ထားနိုင်လို့ပါ။
နေရောင်ဒဏ် ကာကွယ်တယ်ဆိုတဲ့…ခရင်မ်လေး ဘာလေးလောက်တော့
့ဝယ်ဖြစ်ပါတယ်…။ရှိတာလေးနဲ့ သန့်သန့်ရှင်းရှင်း နေဖို့အမြဲအလေးထားပါတယ်။
“““အလှပြင် ပစ္စည်းမရှိတဲ့မိန်းကလေးတွေသာ စစ်မှုထမ်းရမယ်ဆိုလို့ကတော့
ကျွန်မက….ရှေ့တန်းစစ်မြေပြင်ကတောင်ပြန်ရမယ်မထင်ပါ….။””ဘာပဲဖြစ်ဖြစ်
အဲဥပဒေမရှိသေးတာပဲတော်သေးတယ်လို့”””တွေးနေမိပြန်တယ်…..။
ပေါက်တတ်ကရတွေတွေးနေစဉ်….အိမ်ရှေ့ခန်းက…. မောင်လေးက
လှမ်းအော်ပါတော့တယ်….။“““မမ မြန်မြန်လုပ်လေ …..
နောက်ကျနေပြီတဲ့လေ…။ကျွန်မစိတ်ထဲကလဲ ““ ဟုတ်ပါရဲ့”””ဟု
တွေးဖြစ်ပါတယ်….။ဒါပေမဲ့….ပါးစပ်ကတော့…အမကြီးအမိအရာ…“““ဟဲ့..
ကြာလို့မစောင့်ချင်သွား…..ငါ့ဘာသာ ငါသွားမယ်…နင်ဆရာ
မလုပ်နဲ့…လို့ပြန်အော်လိုက်ပါတယ်…..။
ပြီးတော့အ၀တ်လဲ…မျက်ခုံးပေါ်ကသနပ်ခါးတွေကို..ဘီးအသွား
နဲ့နှစ်ချက်…သုံးချက်ခြစ်…။ဘီးကျဲနဲ့ ဆံပင်ကို ( 5 )ချက်လောက်အမြန်
ဆွဲချလိုက်တယ်…။ဘီးဖီးတဲ့ အရှိန်ကြောင့်ကျွတ်ကျသွားတဲ့ဆံပင်လေးတွေက
“““ဟင်း…သူ့စိတ်ကြီးပဲတဲ့..ငါတို့လဲဘာမပြော….ဘာမလုပ်ပဲနဲ့ လို့”””ပြန်ပြော
နေသယောင်….။ဒါပေမဲ့သူတို့ကို ဂရုမစိုက်အား….။သူတို့ကိုကပျာကယာ
ကောက်ပြီး အမှိုက်ပုံးထဲထည့်….။နောက်ဆုံး… ဘီဒိုကမှန်ထဲမှာ ကိုယ့်
ကိုယ်ကို တစ်ပတ်လှည့်ပြီး..ကြည့်လိုက်ပါတယ်…..။မလှတာကလွဲလို့……
ဘာမှပြောစရာမရှိ…။ကွက်တိပဲ…။ဒါနဲ့ပဲ … ညကထဲကပြင်ထားတဲ့…အိတ်လေး
လွယ်ပြီးအပြင်ထွက်လာတယ်…။မောင်ငယ် ကမျက်နှာရှုံမဲ့ပြီး……
ထွက်လာတော့လဲဒီင်္ပုံပဲတဲ့….““““အေးလေ…ငါကဘယ်သူ့ပုံနဲ့ ထွက်လာပါ့မယ်
လို့ နင့်ကိုပြောထားလို့လဲလို့ဆိုတော့””””သူကသီချင်ကောက်ဆိုတယ်….
“““ငါ့ဘက်ကမှာယတာပါတဲ့….”””
အဲလိုနဲ့…မောင်နှမတွေ…သင့်သင့်မြတ်မြတ်အိမ်ကနေထွက်ခဲ့ကြပါတယ်..။
ကားမှတ်တိုင်ရောက်တော့….ကားက သိပ်စောင့်စရာမလို….။ခဏနဲ့ရောက်လာပါတယ်…။
ကားပေါ်တက်လိုက်တော့..နေရာကမရ…လက်ကိုင်ကွင်းလေး ကိုင်ထားပြီးရပ်နေရပါတယ်
………..။စိတ်ထဲမှာလဲ….ထိုင်စရာလေးရရင် ကောင်းမယ်လို့…တွေးနေတုန်း
(2)မှတ်တိုင်လောက်ရောက်တော့ …ဘေးကတစ်ယောက်…ဆင်းသွားသဖြင့်
ထိုင်စရာရပါပြီ…။ဒါပေမဲ့ စိတ်ကဒီနေရာတင်မရပ်…မရောင့်ရဲမတင်းတိမ်နိုင်
….ပြတင်းပေါက် လေးဘေး
ရရင်ကောင်းမယ်ဆိုတဲ့..........အတွေးက၀င်လာပြန်ပါတယ်..။
တွေးနေတုန်း …နောက်မှတ်တိုင်တွေမှာ…လူတွေထပ်တက်လာပြန်တော့ ကျပ်ညပ်
လာပါတော့တယ်…။ထိုင်နေတဲ့ ကိုယ်ခေါင်းပေါ်.....ရပ်နေတဲ့သူတွေရဲ့ ခြင်းတွေ……
အိတ်တွေ..... လာလာထိသဖြင့်စိတ်ကတိုချင်နေပါတယ်…။
တစ်ဖက်ကလဲ…မေမေ့တွက်ဘာ““မွေး နေ့လက်ဆောင်ပေးရမလဲ”””
ဆိုတဲ့ အတွေးက ရှိနေပြန်ပါတယ်…မေမေ ကနယ်မှာကျန်နေတာပါ….။
ယောဂီရောင် လုံချည်လေးဝယ်ပေးရကောင်းမလား…။ဘာလား…။ညာလား….
နဲ့…အတွေးတွေက မငြီမ်မသက်….။
မောင်လေးဖြစ်သူကတော့…ဘာတခွန်းမှမပြောပါဘူး….။ငြိမ်နေပါတယ်…
သူ့ဘက်ကလဲ…စိတ်မထင်ရင်မထင်သလို..အော်တတ်တဲ့ အမဖြစ်သူရဲ့..
ရန်ကအေးရာအေးကြောင်း..ဘုရားအာရုံပြုနေတယ်ထင်ပါတယ်….။အဲဒါကိုလဲ
မဆီမဆိုင် စိတ်တိုလိုက်သေးတယ်….အဟင်း…။
ဆင်းရမဲ့မှတ်တိုင် အရောက် မောင်နှတွေကားပေါ်ကဆင်းလိုက်ပါတယ်…။
အဆင်းမှာ…..နောက်ကတယောက်…. ကကျွန်မဖိနပ်ကို နင်းသလိုဖြစ်တော့….
ရှေ့ကို ဟပ်ထိုးလဲကျမလိုဖြစ်သွားရပါတယ်…။ရှက်ရှက်နဲ့ လူကထူပူနေသွားပြီး….
ဒေါသကတစ်ကိုယ်လုံးကို….ပျံ့နှံ့ သွားပါတယ်….ဒါပေမဲ့…ဘာမှမတုန့်ပြန်ပေမဲ့
လူကဒေါသကြောင့် အလိုမကျသလို ဖြစ်နေပါတယ်….။
ဘုရားပေါ်ရောက်တော့…ပန်းလှူ ၊ ဆီမီးလှူ ၊ ရေလှူ
စသဖြင့်မေမေအတွက် ကောင်းမှုတွေပြုလုပ်ပေးပါတယ်…..။
အလှူခံ ဌာနမှာ …ဖေဖေနဲ့မေမေ အမည်နဲ့ အလှူငွေထည့်….။
ပြီတော့ မေမေမွေးနေ့ထောင့်မှာ ဘုရားရှစ်ခိုးဖို့ နေရာယူ…
..လိုက်ပါတယ်…။
ငါးပါးင်္သီလယူ ပုတီးစိပ်ပြီး… အမျှဝေ…ပြီးတော့….
မေမေအတွက ဆုတောင်းပေးပါတယ်…။““ဒီနေ့ ပြုရတဲ့…ကောင်းမှု
ကုသိုလ်ကြောင့်…မေမေ ကျန်းမာပါစေ..။ချမ်းသာပါစေ…။
လိုတိုင်းတရနိုင်ပါစေ…စသဖြင့်ဆုတွေတောင်းပြီး…နောက်ဆုံး
ဗုဒ္ဓဘာသာဝင်တို့၏ထုံးစံ ...အတိုင်းနိဗ္ဗာန်ချမ်းသာရရပါလို၏”””
ဟုသောဆုတောင်းနေရာအရောက်တွင်မတော့….ကျွန်မသူငယ်ချင်းရေးသားတဲ့
ဘာလော့လေးက အာရုံထဲဝင်လာပါတယ်……...။
““ရိုးရှင်းစွာနေထိုင်မှု ””တဲ့ …….လေဘလော့လေးထဲမှာသူရေးထားတာက......
*****လောကတွင် လူသားများသည် ချမ်းသာခြင်း ဆင်းရဲခြင်း နုပျိုခြင်း အိုမင်းခြင်း
မွေးဖွားခြင်း သေဆုံးခြင်း မမြဲခြင်းတရားတွေနဲ့
မမျှတတဲ့ဝန်တွေထမ်းကြရပြီး ရှင်သန်နေကြရတာပါ ဆင်းရဲသားတွေဟာလည်း
မိုးလင်းမှမိုးချုပ်
အသက်သွေးချွေးတွေနဲ့ရင်းပြီး......ရှာဖွေရ......
***** ရရှိထားတဲ့စည်းစိမ်ဥစ္စာပကာသန ရာထူးဌာနန္တရတွေ လျော့ကျသွားမှာ ပျောက်ဆုံးသွားမှာ
အမြဲပူပန်စိုးရိမ်နေရသူတွေပါ ဒီလိုနဲ့ပဲ ကျွန်ုပ်တို့လူသားတွေဟာ စိတ်ခန္ဓာတွေ လောင်ကျွမ်းပျက်စီးနေကြရပါတယ်........
***** ဒီလိုဖြစ်ပျက်ရတဲ့အကြောင်းရင်းအခြေခံတွေကတော့ လောဘဆိုတဲ့ လိုချင်တပ်မက်မှု ဒေါသဆိုတဲ့ ရန်လိုငြူစူမှု မောဟဆိုတဲ့
မသိမှုအမိုက်မှောင်တွေက ဖိစီးနှိပ်စက်နေတဲ့ အနီးကပ်ရန်သူတွေပါ....
**************************************************************************
***************************************************************စသဖြင့်...
နောက်ဆုံးမှာတော့.......သူငယ်ချင်းက.ဘလော့လေးကိုအဆုံးသတ်ထားပါတယ်.......
********တကယ်တော့ ကျွန်ုပ်တို့လူသားတွေအတွက် အဓိကလိုအပ်ချက်
တွေဟာ သိပ်မများလှပါဘူး ကိုယ်လိုသမျှလိုအပ်ချက်တွေ ဖြစ်ချင်မှုတွေ
သုံးစွဲမှုတွေလျှော့ချပြီး မိမိရဲ့စိတ်ကို ချိုးခြံခြွေတာ
တင်းတိမ်ရောင့်ရဲခြင်းဆိုတဲ့ ဆေးဝါးတွေနဲ့ ကုသရမှာဖြစ်ပါတယ
်မိမိကိုတိုင်ကတော့ အောင်မြင်မှုတွေရရှိအောင်ကြိုးစားနေရမှာပါပဲ
ဒီလိုသာလိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် မိမိဟာ စိတ်ချမ်းသာ ကိုချမ်းသာနဲ့
ယခုဘ၀ နောင်လာမယ့်ဘ၀ဘ၀တွေတွေထိ သုခချမ်းသာအတိနဲ့ အေးချမ်းစွာရှင်သန်နေထိုင်
ဘ၀ပန်းတိုင်ကို တက်လှမ်းနိုင်မှာ အသေအချာပါပဲ။ ......တဲ့လေ.....။
“““ဟုတ်ပါရဲ့…ငါ့ဆုတောင်း ကအဆင့်တွေကျော်နေတာပါပေါ့လား….။
“““အိမ်ကနေဘုရားရောက်သည်ထိ ငါ့မှာ…လောဘ ၊ ဒေါသ တွေနဲ့လာခဲ့တာ…။
မတင်းတိမ် မရောင့်ရဲခြင်းတွေက …ငယ်ကပေါင်းခဲ့တဲ့ ငယ်ပေါင်တွေလိုမခွဲမခွာ…။
သီးမခံချင်တဲ့စိတ်နဲ့….ဝေခွဲမရတဲ့…မောဟတ၇ားတွေကို..အရံလူတွေ ..အဖြစ်နဲ့…
ခေါ်လာခဲ့သေးတာ..။
ခုမေမေ့တွက် အရေးကြီးဆုံး “““မွေးနေ့လက်ဆောင် ””အဖြစ်
တောင်းပေးတဲ့ ဆုတောင်းမှာကိုက..လောဘသံတွေ ကပ်နေပါပေါ့လား….။
“““အို….ဘုရား….ဘုရား…ငါ့ဆုတောင်းတွေက …မနက်ခင်းဆီက ငါမြင်ခဲ့ရတဲ့
အရေးပေါ်လှေကားလိုပါပဲလား…..။အခြေမခိုင်ပဲ….အထက်သို့တက်ဖို့
လုပ်နေသလိုပါပဲလား”””လို့တွေးမိပါပြီ…။ပုထုဇဉ်လူသားတိုင်း … သစ္စာသိမြင်
နိဗ္ဗာန်ဝင်နိုင်ဖို့ …အခြေခံအုတ်မြစ်က ““ရိုးရှင်းစွာနေထိုင်မှု””ပါလားလို့
နားလည်လာပါတယ်…။တပြိုင်နက်ထဲမှာပဲ…ကားပေါ်မှာစဉ်းစားလို့မရတဲ့
“““မေမေ့တွက်မွေးနေ့လက်ဆောင်”””ဘာပေးရမယ်ဆိုတာကို…..
ရှင်းရှင်းလင်းလင်းမြင်လိုက်…..…သိလိုက်ပါပြီ….။
ဒါကြောင့်ကျွန်မ “““မေမေ့အတွက် မွေးနေ့လက်ဆောင်”””
ဆုတစ်ခုတောင်းလိုက်ပါတော့တယ်….။
“““““မေမေ ဘ၀မှာရိုးရှင်းစွာရှင်သန်နေထိုင်နိုင်ပါစေ”””ထိုအခြေခံတရားများ
ပြီးပြည့်စုံလျက်…သစ္စာလေးပါး မြတ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ…..။
လမင်းမေ…
ကိုယ်တိုင်ရေး…
Wednesday, 1 August 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment