Tuesday, 19 June 2012
ရိုးရှင်းစွာရှင်သန်မှု
Labels:
ဖတ်စရာမှတ်စရာ
လောကတွင် လူသားများသည် ချမ်းသာခြင်း ဆင်းရဲခြင်း နုပျိုခြင်း အိုမင်းခြင်း မွေးဖွားခြင်း သေဆုံးခြင်း မမြဲခြင်းတရားတွေနဲ့
မမျှတတဲ့ဝန်တွေထန်းကြရပြီး ရှင်သန်နေကြရတာပါ ဆင်းရဲသားတွေဟာလည်း မိုးလင်းမှမိုးချုပ် အသက်သွေးချွေးတွေနဲ့ရင်းပြီး
တ၀မ်းဝဖို့ တခါးလှဖို့အတွက် ဖြူစင်မှု ညစ်ညမ်းမှု အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှုတွေကို နင်းချေမိပြီး တ၀မ်းတခါးအတွက်
ရှင်သန်နေရတာပါ ချမ်းသာသူတွေကော အေးချမ်းရဲ့လားမေး သူတို့တွေဟာလည်း တိုက်တလုံးကနေ နှစ်လုံးဖြစ်အောင်
ကားတစီးကနေနှစ်စီးဖြစ်အောင် နေ့မနားညမနား စိတ်ဖိစီးမှုဒဏ်တွေ ဦးထိပ်ပန်ဆင်ပြီး ချမ်းသာကြွယ်ဝမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြသူတွေပါ ရရှိထားတဲ့စည်းစိမ်ဥစ္စာပကာသန ရာထူးဌာနန္တရတွေ လျော့ကျသွားမှာ ပျောက်ဆုံးသွားမှာ အမြဲပူပန်စိုးရိမ်နေရသူတွေပါ ဒီလိုနဲ့ပဲ ကျွန်ုပ်တို့လူသားတွေဟာ စိတ်ခန္ဓာတွေ လောင်ကျွမ်းပျက်စီးနေကြရပါတယ်
ဒီလိုဖြစ်ပျက်ရတဲ့အကြောင်းရင်းအခြေခံတွေကတော့ လောဘဆိုတဲ့ လိုချင်တပ်မက်မှု ဒေါသဆိုတဲ့ ရန်လိုငြူစူမှု မောဟဆိုတဲ့
မသိမှုအမိုက်မှောင်တွေက ဖိစီးနှိပ်စက်နေတဲ့ အနီးကပ်ရန်သူတွေပါ တကယ်တော့ ကျွန်ုပ်တို့လူသားတွေအတွက် အဓိကလိုအပ်ချက်
တွေဟာ သိပ်မများလှပါဘူး ကိုယ်လိုသမျှလိုအပ်ချက်တွေ ဖြစ်ချင်မှုတွေ သုံးစွဲမှုတွေလျှော့ချပြီး မိမိရဲ့စိတ်ကို ချိုးခြံခြွေတာ တင်းတိမ်ရောင့်ရဲခြင်းဆိုတဲ့ ဆေးဝါးတွေနဲ့ ကုသရမှာဖြစ်ပါတယ်မိမိကိုတိုင်ကတော့ အောင်မြင်မှုတွေရရှိအောင်ကြိုးစားနေရမှာပါပဲ ဒီလိုသာလိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် မိမိဟာ စိတ်ချမ်းသာ ကိုချမ်းသာနဲ့ ယခုဘ၀ နောင်လာမယ့်ဘ၀ဘ၀တွေတွေထိ သုခချမ်းသာအတိနဲ့ အေးချမ်းစွာရှင်သန်နေထိုင် ဘ၀ပန်းတိုင်ကို တက်လှမ်းနိုင်မှာ အသေအချာပါပဲ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment