မိမိကွန်ပျူတာမှာပဲဖြစ်ဖြစ် အင်တာနက်ဆိုင်မှာပဲဖြစ်ဖြစ် တခြားသူတွေမသိစေချင်တဲ့အချက်အလက်တွေ ကိုမမြင်စေချင်တဲ့ကို့ချစ်သူ
ရဲ့ ဓါတ်ပုံ
ရည်းစားစာတွေကို ကွန်ပျူတာအတွင်းမှာ ဖိုဒါလေးတွေနဲ့
တခြားသူမမြင်အောင်သိမ်းဆည်းနည်း ဖြစ်ပါတယ် သိပြီးသူများအနေနဲ့လည်း
မမေ့အောင်လေ့ကျင့်နိုင်တာပေါ့နော်.......
ပထမဦးဆုံးအနေနဲ့ကတော့
မိမိအသုံးပြုတဲ့ကွန်ပျူတာမှ ဖိုလ်ဒါလေးကို double click နှိပ်ပြီးတော့
ဖွင့်လိုက်ပါ အဲဒီအထဲမှ ဟိုးအပေါ်က Tool ထဲမှ Folder Options
ရှိမရှိအရင်စစ်ဆေးဆေးပြီး
မှ လုပ်ပါရန်
.......မိမိကွန်ပျူတာအတွင်းမှ Destok တွင်လည်းကောင်း My computer မှ
Lockal Disk(D) (E) (F) တို့တွင်လည်းသိမ်းဆည်းနိုင်ပါသည်
တခြားနေရာများမှာလည်းသိမ်းဆည်းနိုင်ပါသည်။ ပထမဦးဆုံးအနေနဲ့ တနေရာမှာ
Right click ထောက်ပြီးတော့ အဲဒီအထဲမှ New > Folder
လေးကိုနှိပ်ပြီးဖိုဒါဖွင့်ပါ ထိုဖိုလ်ဒါလေးအား
မိမိသိမ်းဆည်းလိုသမျှသိမ်းဆည်းပြီးတော့
အဲဒီဖိုဒါလေးကို Right click ထောက်ပြီးတော့ Properties လေးကိုနှိပ်ပါ ထိုအထဲမှ Hidden ဆိုတာလေးကိုနှိပ်ပြီး မှန်ခြစ်ခြစ်ပေးပါ
ပြီးလျှင် Apply
Ok ကိုနှိပ်ပေးပါ ဒီအချိန်မှာ ဖိုလ်ဒါလေးဟာလုံးလုံးမပျောက်သေးဘဲ
နဲနဲမှိန်သွားပါလိမ့်မယ် အဲဒါပြီးတာနဲ့ အဲဒီစာမျက်နှာ
ဟိုးအပေါ်ဆုံးနားက Tool ထဲမှ Folder Options ကိုနှိပ်ပါ
ပြီးလျှင်ပေါ်လာတဲ့ဘောက်ကလေးထဲမှ View ထဲမှ
Do not show hidden files and folders ကိုအမှတ်ပေးပါ ပြီးလျှင် Apply Ok ပေါ့။ ဒါဆိုရင် ဖိုလ်ဒါလေးပျောက်သွားပါပြီ
အကယ်၍ မိမိပြန်ဖော်လိုလျှင် Tool ထဲမှ Folder Options ထဲမှ View ကိုနှိပ် အဲဒီအထဲက Show hidden files and folders
နှိပ်လိုက်လျှင်
ဖိုလ်ဒါလေးရေးရေးလေးပေါ်လာပါပြီ အဲဒါကိုဆက်ပြီးတော့ ဖိုလ်ဒါလေးကို
Right click ထောက်ပြီး Properties လေးကိုနှိပ်လိုက်ရင်
စောစောကဘောက်လေးပြန်ပေါ်ပါလိမ့်မယ် အဲဒီအထဲမှ Hidden ဆိုတဲ့နေရာမှ
အမှတ်ကလေးကိုဖြုတ်ပြီး
Apply Ok
လုပ်လိုက်တာနဲ့
မိမိလျှို့ဝှက်သိမ်းဆည်းထားတာလေးပေါ်လာပါပြီ။သူငယ်ချင်းတို့
လိုက်လုပ်ကြည့်နော် ......... စိတ္တသုခ ကာယသုခနဲ့အားလုံးပြည့်စုံကြပါစေ
ဆုတောင်းလျှက်
Tuesday, 19 June 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment