Monday, 19 November 2012
အဖေ အမေ
Labels:
ဖတ်စရာမှတ်စရာ
ဒီနေ့ မနက်ဖြန် သဘက်ခါ နဲ့
နေလာခဲ့တာ ဘ၀ရဲ့ သက်တမ်း တ၀က်တောင် ကျိုးခါနီးပါပကော
ဒါပေမယ့် လွယ်အိတ်လေးမနိုင့်တနိုင် နဲ့ ကျောင်းသွားခဲ့ရတာ
လေးတွေ ကကြီး ခခွေး အော်ကျက်ခဲ့ရတာလေးတွေ ကို မနေ့
ကလိုပဲ စိတ်ထဲမှာ အောက်မေ့နေမိတယ်..............
ခုတော့ အဖေရယ် အမေရယ် အကိုတွေရယ် အမရယ် ညီရယ် ကျွန်တော်ရယ် ပေါင်းစည်းထားတဲ့ မိသားစု အသိုက်မြုံလေး လေးလဲ တစုတစည်း တည်း စုံညီစွာ ပြန်လည်ဆုံတွေ့ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါလား၊
အသံပြင်းပြင်းတောင် မငေါက်ဘူးတဲ့ အဖေ ကျွန်တော့ကိုချစ်တဲ့အဖေ ဘယ်သားဘယ်သမီးကိုမှ ဆိုးတယ်
မပြောတဲ့အမေ ဘယ်သားသမီးကိုမှလည်း မရိုက်ခဲ့တဲ့အမေ ကျွန်တော်တို့ကိုချစ်တဲ့အမေ.............
အဖေ ရယ် အဖေ့မှာ ရှိတဲ့ ခွန်အားတွေ ဥာဏ်အား
တွေကို ဒီမိသားစုအတွက် အားလုံးစိုက်ထုတ်ခဲ့တယ်နော်
သူများတကာတွေထက်စာရင် ဆင်းရဲတယ် ဆိုပေမယ့် အသိဥာဏ်
ရယ် အတွေးတွေ ကိုမဆင်းရဲစေခဲ့ပါဘူး ဘ၀ကို တကယ်ရုန်းကန် မှ တွေ့ခဲ့ရတာတွေက ငါတို့ဆင်းရဲတယ်ဆိုတာ မပြောပလောက်ပါ ဘူးလို့ တဖြည်းဖြည်းနဲ့သိလာပါတယ်အဖေရယ် ဒီကျေးဇူးတွေကို ဆပ်ဖို့ သိတတ်တဲ့အရွယ်ကစပြီး အဖေ့ခြေဖမိုးကို ညစဉ်ကန်တော့ ခဲ့ပေမယ့် တာဝန်ကျေတဲ့ သားတယောက် မဖြစ်သေးဘူးဆိုတာ သားသိပါတယ် အဖေ ကိုယ့်အလှည့် ကျရောက်ပြီလို့ သိလိုက်ရတဲ့အချိန်မှာတော့ အဖေက ကျွန်တော် တို့ကို စွန့်ခွာသွားခဲ့ပြီလေ နောင်တ တရားဆိုတာ မကောင်းမှန်း အခုမှသိလေတော့ ကျွန်တော်တို့ ပခုံး တွေဟာ ၀န်အပြည့်ထမ်းဖို့
ကို မသိ ခဲ့ မတတ်ခဲ့ တာဝန်မကျေခဲ့တာ ဒီဘ၀အတွက် ရင်နာစရာ တခုပါ ..... ကျွန်တော် ပြန်လာခဲ့ရင် အဖေ့ အုတ်ဂူရှေ့ကိုရောက်
ရင် အဖေ ဘယ်လိုပြောမှာလဲဟင်?
အမေ .. အမေကော အိုနေပြီလားဟင် မိုးလင်းကမိုးချုပ်
အလုပ်အမျိုးမျိုး နဲ့ အမေ ဘ၀ရဲ့ခါးသီးတဲ့ အရသာတွေကို အမေစားသုံးရလွန်းလို့ အမေပါးရေတွေတွန့်နေပြီလား ကျွန်တော် တို့ နိုင်ငံခြားရောက်ရင် မပူပါနဲ့လို့ ပြောခဲ့တဲ့ သားတွေကိုရော
မဲ့ပြုံးပြုံးနေပြီလား အမေ မဲ့ပြုံးမပြုံးပါနဲ့ နော် အမေ ပီတိ အပြုံးတွေဝေစေချင်လို့ သာတို့ ရိုးသားကြိုးစားနေပါတယ် နေ့ချင်းညချင်း မကြီးပွားသေးပေမယ့် အချိန်တခုတော့ပေးပါအမေရယ် နော် တခုပဲမှာချင်ပါတယ်
အမေ မအိုပါနဲ့အုံး အမေ မသေပါနဲ့အုံးနော် ..........
တမာမြေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment