Wednesday, 20 June 2012
ဆုံဆည်းမှု
Labels:
ကဗျာများ
ရှေး က မတွေး
သည်အရေးကို
အမှတ်မထင်
မပြင်ဆင်ဘဲ
နွေးထွေးလှပ
ဆုံဆည်းရ…..
မမျှော်လင့်ဘဲ
တခဏထဲဝယ်
စရိုက်တူချင်း
သဘောရင်းကို
အခြေခံလျက်
ခင်မင်ခဲ့……
အရောင်မဆင်
ဂုဏ်မမင်ဘဲ
စာနာစိတ်ရင်း
တွယ်တာခြင်းဖြင့်
ပျော်ရွှင်စွာနဲ့
ဖြူစင်ခဲ့…..
ဟန်ဆောင်မှုကင်း
ကြင်နာခြင်းနှင့်
ပွင့်လင်းမှန်ကန်
ယင်းသဏ္ဍန်ကြောင့်
ရင်မှာတသသ
“““ မေ့မရ….။ ”””
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment