Wednesday, 20 June 2012

ချစ်သူများအတွက်

အို…ဗီးနပ်စ်…အချစ်နတ်သမီး

ကမ္ဘာတွင်စေ့ …“ချစ်သူများနေ”့ကို

ဘယ်သူများ…ဖန်ဆင်းခဲ့သနည်း..

အို…..အာဒမ် နဲ့ ဧ၀……………

ချစ်သူများအတွက်..“ချစ်သူများနေ”့ကို

ဘယ်သူများ…သတ်မှတ်ခဲ့သနည်း

အို…ရိုမီယို နဲ့ ဂျူးလိယက်…..

ချစ်တတ်သူများတွက် “ချစ်သူများနေ”့ကို


ဘယ်သူများ…..ရှာဖွေခဲ့သနည်း…

ချစ်သူတ်ို့ကြောင်း အဆိုးအကောင်းကို

ဖန်ဆင်းရှင်အား…တိုင်တည်လိုက်ချင်

……ပြောပြချင်၏…..

ချစ်သူများတို့…..

ပျော်ရွှင်ကြည်နူး…ချစ်ဖူးစဉ်က..

ချစ်ခြင်းသံစဉ်…ဂန္တ၀င်သည်…

သာယာလှပ ချိုမြိန်စွ…။ ။

ကြင်နာမြတ်နိုး .. သမုဒယကြိုးက

နှစ်ကိုယ်ချည်နှောင်..အပျော်ယူဆောင်သည်

အမုန်းဆိုတာ …မရှိခဲ့ပါ ။ ။

ချစ်ကံကြမ္မာကုန်…ခွဲချိန်အကြုံတွင်

ဝေဒနာပင်လယ်…အပြောကျယ်၏ ။ ။

တွယ်တာမှုဆူး…ရင်ခွင်ဦးကို…

ဖြေးဖြေးဝင်ရောက်..ထိုးဖောက်ခဲ့ပြီ…

မျက်ရည်မိုးစက် နှလုံးသားထက်ကို

မညှာတာမရှိ ….. စွေနေမိပြီ..။ ။

ထိုဝေဒနာများ…ချစ်သူများကို…

မထိပါးစေချင်…ပေါင်းစေချင်၏။ ။

အလွမ်းမုန်တိုင်းမှ… ချစ်သူတိုင်းကို

ဒဏ်ရာမထင်…ပျော်စေချင်၏ ။ ။

အဆွေးမိုးရေမှ …ချစ်သူတွေကို…

လွတ်မြောက်စေချင်…လက်တွဲစေချင်၏။ ။

အို…..ချစ်သူများနေရဲ့….

….ဖန်ဆင်းရှင်ရယ်…..

ချစ်တတ်ကြတဲ့…ချစ်သူတိုင်းအတွက်

ကံကောင်းခြင်းလက်ဆောင်တွေသာ…

ယူလာပေးပါနော်………။ ။

0 comments:

Post a Comment