Tuesday, 26 June 2012

အဝေးရောက် အမေ့ရဲ့သား



 

အနေဝေးပေမယ့် အဝေးမှာမနေရပဲ

အမေ့ရဲ့အတွေးထဲမှာ အမြဲရှိနေတယ်

အဝေးမှာ အနေကြာ

ဆက်၍အနေမကြာလို

ပြန်လာလိုသော်လည်း

ဝမ်းရေးခက်တယ်အမေရယ်။

ပေးတဲ့အသိမြင် ဆောင်ချင်အများကျိုး

သယ်ကာပိုးလို့ တိုးတက်ချင်

အမေ့သားရယ်လို့ ဂုဏ်ဆောင်လို

ကြိုးဆောင်ကာ ပြချင်ပေမယ့်

တတ်သိပညာ နည်းခဲ့ပြီ….. 

ဝမ်းရေးဘယ်လောက်ပဲ  ခက်ပါစေ

တတ်သိပညာ ဘယ်လောက်ပဲနည်းပါစေ

ကံကြမ္မာဆိုး မည်မျှရှည်စေ

အမေ သားဘယ်တော့မှ ဇွဲမလျှော့ပါဘူး

အဝေးရောက် အမေ့ရဲ့သား…………………………………..

0 comments:

Post a Comment