တမာမြေ
မူလစာမျက်နှာ
ကဗျာများ
နည်းပညာ
စာအုပ်များ
ပရဟိတ
ဗဟုသုတ
ဘာသာရေး
ဖတ်စရာမှတ်စရာ
ဆော့ဖ်ဝဲ(လ်)
ကာတွန်းစာအုပ်
ကြွရောက်လာသူ မိတ်သင်္ဂဟအပေါင်းအား တမာမြေမှ လှိုက်လှဲစွာ ကြိုဆိုပါ၏
Friday, 15 February 2013
လူဟူသည်မှာ
Labels:
ဖတ်စရာမှတ်စရာ
ဖီလော်ဆော်ဖာခေါ် ကမ္ဘာ့တွေးခေါ်ရှင်ကြီးများသည် ပရမတ်သဘောတရားအထိ တွေးခေါ်မျှော်မြင်နိုင်ကြသည်ဟု အချို့ပညာရှိတို့ အဆိုပြုကြစေကာမူ ပရမတ်နယ်သို့ အမှန်တကယ်မရောက်ကြပါ သိပ္ပံပညာရှင်ကြီးများက
ရုပ်ကို အက်တမ် မော်လီကျူးများဖြစ်လည်းကောင်း၊ အီလက်ထရွန် ပရိုတွန် နယူထရွန်
အဆင့်ထိလည်းကောင်း၊ အသေးစိတ်ခွဲခြမ်းစိတ်ဖြာ၍ သိမြင်ခဲ့ကြစေကာမူ စိတ် စေတသိတ်
နိဗာန်အကြောင်းကို လုံးဝမသိမြင်ကြပါ ပရမတ်တရားတို့၏အချင်းချင်းဆက်နွ
ယ် အကျိုးပြုမှုများကိုလည်း မသိနားမလည်ကြပါ။
သို့အတွက်လောကီပညာသည် ပုဂ္ဂိုလ်ရှိသည် ယောင်္ကျားရှိသည် မိန်းမရှိသည်
ခွေး. ကြောင် ရှိသည် မော်တော်ကားရှိသည် လေယာဉ်ပျံရှိသည် စသည့် ပညတ်
အမြင်များကို မပြောင်လဲစေနိုင်ပါ။
လူဟူသည်မှာ အမှနှ်ရှိသည်မဟုတ်လော ဟု အဆွေမေးမြန်လိုပါလိမ့်မည်
ပရမတ်သဘောအရ လူမရှိပါဟု ဖြေဆိုရလိမ့်မည်၊
ထိုမြင်နိုင် တွေ့နိုင် ထိနိုင်သော ကိုယ်သည် လူမဟုတ်လောဟု အဆွေကထပ်မေးလို
ပါလိမ့်မည်၊
ထိုကိုယ်သည် လူမဟုတ်ပါဟု ဖြေဆိုရပါလိမ့်မည်။
သိပ္ပံပညာဖြင့် တည်ဆောက်ထားသော လူရုပ်သွင်ရှိသည့် စက်ရုပ်များကို ရုပ်ရှင်များတွင် အဆွေမြင်ဖူးပါလိမ့်မည် ထိုစက်ရုပ်တခုစီကိုလူဟု သတ်မှတ်နိုင်သလော
မသတ်မှတ်နိုင်ပါ။
ထို့အပြင် ထိုခန္ဓာကိုယ်သည် ဆံပင် မွှေးညှင်း ခြေသည်း လက်သည်း သွား အရေ
အသား အကြော အရိုး အညှို့ စသည့် ကောဌာသ ၃၂ ပါးတို့ဖြင့် ဖွဲ့စည်းထား၏။
ထိုကောဌာသတို့ကို တခုစီစုပုံလိုက်လျှင် မည်သည့်အပုံကို လူဟုခေါ်ဆိုမည်နည်း။
လူဆိုသည်မှာ ဘယ်ပျောက်သွားသနည်း။
ထို့အတူ မော်တော်ကားတစီးကို ကိုယ်ထည်တခြား တံခါးတခြား ခေါင်းဆက်တခြား
ဘီးတခြား ၀င်ရိုးတခြား အင်ဂျင်တခြားစသည်ဖြင့် စသည်ဖြင့် အစိတ်အပိုင်းများကို
တခြားစီခွဲခြမ်းထားသော် မည်သည့်အစိတ်အပိုင်းကို မော်တော်ကားဟု ခေါ်ဆိုနိုင်သေးသနည်း
ထိုအစိတ်အပိုင်းများကို စနစ်တကျစုစည်းထားသောအရာကို မော်တော်ကားဟု
ခေါ်ဆိုကြ၏ ထိုအစိတ်အပိုင်းများကို ခွဲခြမ်းလိုက်သည်နှင့် တပြိုင်နက်
မော်တော်ကားပျောက်သွားတော့၏။
ဒေါက်တာမင်းတင်မွန်
အဖိုးတန်ဆုံးဘ၀ပညာ
စာ (36)
0 comments:
Post a Comment
← Newer Articles
Older Articles →
Home
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment