Saturday, 23 February 2013

ကျန်းမာရေးနှိုးဆော်စာ


ယနေ့...................ကျွန်တော်တို့မြန်မာနိုင်ငံအတွင်း ကြားသိနေရသော

အစားအသောက်များအတွင်း ကျန်းမာရေး နှင့် မညီညွတ်သော ဓါတုဗေဒ

ဆေးဝါး ဆေးရည် များဖြင့် လုပ်ကိုင်ရောင်းချခြင်းဖြင့် မသမာစီးပွားရေးသမား

များကြောင့် မြန်မာပြည်သူပြည်သားတွေဟာဆိုရင် အဆုတ်ရောဂါ ကင်ဆာရောဂါ

တွေ များပြားလျှက်ရှိပြီး ဆေးကုသမှုမတတ်နိုင်ခြင်းများကြောင့် အသေအကြေအပျက်အစီး

များနေလျှက်ရှိပါပြီ ။ ဒီလိုဆိုးရွားနေတဲ့အချိန်အခါမျိုးမှာ ကျွန်တော်တို့အနေနဲ့

မည်သူ့ရဲ့အားနည်းချက် မည်ဝါ့အားနည်းချက်လက်ညှိုးထိုး လက်လွှဲနေမယ့်အစား

မိမိတို့ တတ်နိုင်သည့် ဘက်မှ မိမိလက်လှမ်းမှီသမျှ လူ့ပတ်ဝန်းကျင်အား ထပ်မလုပ်ဖြစ်အောင်

အသိပေးသတိပေးခြင်းဖြင့် ကူညီနိုင်ကြရင်းဖြင့် ပြုပြင်နိုင်ပါသည်။



(၁)ကျန်းမာရေးအသိပညာပေး နယ်လှည့်အဖွဲ့အစည်းများ ဖွဲ့စည်းဟောပြောခြင်း

(2) စီးပွားရေးသမားများအား ကိုယ်ချင်းစာတရားအဓိကထားပြီးလျှင် စားသုံးသူများအပေါ်တွင်
မိမိ၏ မိဘများ သားသမီးများ မိသားစု ထိုကဲ့သို့ရောဂါများဖြစ်လျှင် မည်သို့ခံစားရမည်ကို နားလည်အောင်လက်လှမ်းမီသမျှ ပြောပြပေးခြင်း။

(3) ယခုစာဖတ်သူများအနေနှင့်လည်း မိမိတို့ကိုယ်တိုင် အစားသောက်များ သတိထားရှောင်ကျဉ်ပြီး မိမိလက်လှမ်းမှီသမျှ သူငယ်ချင်း မိတ်ဆွေအသိုင်းအ၀ိုင်းများအား
ပြောပြကူညီခြင်း။

(၄)ကျန်းမာရေးနှင့် မညီညွတ်စေမည့် ဆေးဝါးများ အစားအစာအတွင်းတွင် ထည့်သွင်းရောစပ်နေသည်ကိုသိလျှင် တာဝန်ရှိသူများထံသို့ ကိုယ်တိုင်အသိဖြင့် တိုင်ကြားခြင်း။

(၅)မိမိနှင့် မိမိလူမျိုး မိမိပတ်ဝန်းကျင်တိုင်းတွင် ထိုတာဝန်ရှိသည်ဟု သိရှိပြီးလျှင် သိရှိသည့်အတိုင်း မိမိတို့ လူမျိုးဘာသာသာသနာ အကျိုးအရှည်မျှော်ကိုးပြီး
တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်စေချင်ပါသည် ရွှေမြန်မာတို့ ။

မိမိလူမျိုးဘာသာသာသနာအကျိုးကိုလိုလား၍ ထိုပို့စ်အားရေးသားခြင်းဖြစ်ပါသည်
ရဟန်းပညာရှိ လူပညာရှိများမှလည်း လိုအပ်သည်များကိုထောက်ပြပေးစေချင်ပါသည်။

0 comments:

Post a Comment