Saturday, 23 February 2013

ကျန်းမာရေးနှိုးဆော်စာ

0 comments

ယနေ့...................ကျွန်တော်တို့မြန်မာနိုင်ငံအတွင်း ကြားသိနေရသော

အစားအသောက်များအတွင်း ကျန်းမာရေး နှင့် မညီညွတ်သော ဓါတုဗေဒ

ဆေးဝါး ဆေးရည် များဖြင့် လုပ်ကိုင်ရောင်းချခြင်းဖြင့် မသမာစီးပွားရေးသမား

များကြောင့် မြန်မာပြည်သူပြည်သားတွေဟာဆိုရင် အဆုတ်ရောဂါ ကင်ဆာရောဂါ

တွေ များပြားလျှက်ရှိပြီး ဆေးကုသမှုမတတ်နိုင်ခြင်းများကြောင့် အသေအကြေအပျက်အစီး

များနေလျှက်ရှိပါပြီ ။ ဒီလိုဆိုးရွားနေတဲ့အချိန်အခါမျိုးမှာ ကျွန်တော်တို့အနေနဲ့

မည်သူ့ရဲ့အားနည်းချက် မည်ဝါ့အားနည်းချက်လက်ညှိုးထိုး လက်လွှဲနေမယ့်အစား

မိမိတို့ တတ်နိုင်သည့် ဘက်မှ မိမိလက်လှမ်းမှီသမျှ လူ့ပတ်ဝန်းကျင်အား ထပ်မလုပ်ဖြစ်အောင်

အသိပေးသတိပေးခြင်းဖြင့် ကူညီနိုင်ကြရင်းဖြင့် ပြုပြင်နိုင်ပါသည်။

Friday, 15 February 2013

လူဟူသည်မှာ

0 comments
 
 ဖီလော်ဆော်ဖာခေါ် ကမ္ဘာ့တွေးခေါ်ရှင်ကြီးများသည် ပရမတ်သဘောတရားအထိ တွေးခေါ်မျှော်မြင်နိုင်ကြသည်ဟု အချို့ပညာရှိတို့ အဆိုပြုကြစေကာမူ ပရမတ်နယ်သို့ အမှန်တကယ်မရောက်ကြပါ သိပ္ပံပညာရှင်ကြီးများက
ရုပ်ကို အက်တမ် မော်လီကျူးများဖြစ်လည်းကောင်း၊ အီလက်ထရွန် ပရိုတွန် နယူထရွန်
အဆင့်ထိလည်းကောင်း၊ အသေးစိတ်ခွဲခြမ်းစိတ်ဖြာ၍ သိမြင်ခဲ့ကြစေကာမူ စိတ် စေတသိတ်
နိဗာန်အကြောင်းကို လုံးဝမသိမြင်ကြပါ ပရမတ်တရားတို့၏အချင်းချင်းဆက်နွယ် အကျိုးပြုမှုများကိုလည်း မသိနားမလည်ကြပါ။

Thursday, 17 January 2013

လမင်းကိုတိုင်တည်ခြင်း

0 comments





          ပြန်လည်ကြားယောင်မိတယ်စကားလေးတခွန်းပေါ့... .............မဝေးချင်ပေမယ့်ဒီလိုပဲတဖြည်းဖြည်းဝေးနေရတာပဲလေတဲ့...........တွေ့ဆုံကြဖို့ဦးတည်လျှောက်လှမ်းခဲ့တယ်ဆိုရင်...ဒီစကားလေးကိုကြိုပြောနိုင်ခဲ့မယ်မထင်မိပါဘူး..တကယ်တော့ သဲသောင်ပြင်မှာ ခြေခြောင်းရာလေးတွေထင်ကျန်ရစ်စေချင်ပေမယ့်