ချစ်သူ မိုေးတွရွာနေပါတယ်
မိုးရေတွေက အေးမြတယ်
ကိုယ်ကတော့ အေးမြမှုကို မခံစားနိုင်သေးဘူး..........
မိုးရွောနေရင် လေပြေလေးက အရမ်းအေးတယ်
ကိုယ့်ရင်ကတော့ မအေးချမ်းသေးဘူး ..........
မိုးရွာနေရင် မိုးရနံ့လေးက အရမ်းမွှေးတယ်
ကိုယ့်အသည်းပန်းကတော့ မမွှေပျံ့သေးဘူး...........
မိုးရွာနေရင် ကောင်းကင်က ကောင်းချီးပေးတယ်
ကိုယ်ကတော့ ပျော်ရွှင်စွာ ကောင်းချီးမပေးနိုင်သေးဘူး..........
မိုးရွာနေရင် ကောင်းကင်က ပြိုးပြိုးပျက်ပျက် အရောင်တောက်လို့
ကိုယ့်နှလုံးသားကတော့ ရောင်ပြန်မဟပ်နိုင်သေးဘူး...........
မိုးရွာပြီးရင် ရာသီဥတုကသာယာတယ်
ကိုယ့်ဘဝကတော့သူတို့လို မသာယာသေးပါဘူး...............
မိုး၇ွာပြီးရင် ပန်းပွင့်လေးတွေ လန်းဆန်းစွာ ဖူးပွင့်လာတယ်
သူတို့လို ကိုယ်ကတော့လန်းဆန်းစွာ မဖွင့်ဟနိုင်သေးဘူး...........
ကိုယ့်မှာလိုနေတာတွေ ပြည့်စုံဖို့ ချစ်ရသူဆီက စကားတစ်ခွန်းပဲလိုပါတယ်
ချစ်သူ..............အခုမိုးတွေရွာနေပါတယ် မိုးတွေရွာနေချိန်မှာ
မင်းကို ကိုယ်ပိုသတိရနေပါတယ်..............
တောင်တောသားလေး
M.M.H
Singapore

0 comments:
Post a Comment