ဖေဖေ......
လူတိုင်းနီးပါး အမေ့ရိပ်မှာခိုနား
အမေ့တန်ဖိုးကိုသာ ညွှန်းဆိုရင်
အဖေဆိုတာကို မေ့လျော့ကျန်ရစ်လို့
ကျွန်တော်ကတော့ ဘာတွေပဲဖြစ်ဖြစ်
ဖေဖေ့ကို ကြောက်ရွံ့ပြီးသိပ်ချစ်ပါတယ်.....
နေပူ မိုးရွာ နေ့ရက်တွေများစွာ
ဘယ်လောက်ပဲ ပင်ပန်းပါစေ......
အလုပ်တွေရဲ့ကြား ( တောက်တစ်ချက်တောင်)
မငြီးတွားခဲ့ဘူးနော်...........
သားသမီးတွေ ရှေ့ရေးအတွက်
ဘဝကိုပေးဆပ်ထားတာ
ကျွန်တော်တို့ရင်မှာ အသေအချာသိတော့
ဖေဖေ့ကို ပိုပိုပြီးတော့ ကြည်ညိုလာမိတယ်.......
အမြင့်ဆုံးမဟုတ်ပေမယ့်
သာမန်ထက်မြင့်မားတဲ့ ဘဝတစ်ခုမှာ
သားသမီးတွေကို ယုယုယယ ပြုစုပေးခဲ့တဲ့
ဖေဖေ့ရဲ့ မေတ္တာ စေတနာ တရား
ကျွန်တော်တို့ ရင်မှာဘယ်တော့မှ မမေ့နိုင်အောင်ပါပဲဖေဖေ.....
မိသားစုနှင့် ပတ်သက်လာတိုင်း
အားငယ်မှုဆို မသိလောက်အောင်
မေတ္တာအပြည့်နှင့် ကာကွယ်လို့
တောင်းတတိုင်း ပြည့်စုံစေခဲ့တာ
ဒါ..... ဖေဖေ့ရဲ့ အနှိုင်းမဲ့တဲ့ ကျေးဇူးတွေပေါ့နော်.......
ဖေဖေ............
ဖေဖေရဲ့ စေတနာ မေတ္တာ တရား
အသေအချာ နားလည်ထားလည်း
အငယ်ဆုံးသားမို့ တစ်ခါတစ်ခါ ဆိုးမိုက်နေမိတာ
ဖေဖေ့ရဲ့ အချစ်တွေနှင့် ခွင့်လွှတ်ကြည့်ပေးပါနော်.......
ဘယ်တော့မှ မခမ်းခြောက်နိုင်သော
ဖေဖေ့ရဲ့ အကြင်နာ မြစ်တစ်စင်း
သားတို့ရင်တွင်းထိ စီးဆင်းလို့
တစ်နေ့နေ့မှာတော့ ဖေဖေ့ရဲ့ ကျေးဇူးတွေအတွက်
အနည်းအကျဉ်းတော့ ပြန်ဆပ်နိုင်ကောင်းပါရဲ့.......
မျှော်လင့်ခြင်းများနှင့် ကြိုးစားကာ
အသေအချာယုံကြည်ထားရင်း
ဖေဖေ့........... အတွက်
ဘုရားရှင်ထံ ဆုတစ်ခုအမြဲပန်မယ်
သားချစ်သော ဖေဖေ့ဘဝ
အမြဲထာဝရ ရွှင်လန်းချမ်းမြေ့ပါစေ..............
တောင်တောသားလေး
M.M.H
Singapore

0 comments:
Post a Comment