ဒီနေ့ Facebook မှာ ဆိုင်ကယ်နဲ့ကားနဲ့ တိုက်ထားတဲ့ပုံစံ
ဖြစ်မယ်ထင်တယ် သေသူရဲ့ ခန္ဓာကိုယ်က အောက်ပိုင်းတပိုင်းပဲ
ကျန်ပါတော့တယ် အပေါ်ပိုင်းက ခါးအထက် ကားကြိတ်ထားတယ်
ထင်တယ် အူတွေကလည်းအခွေလိုက်ထွက်လို့ ကြည့်ရတာ
ရင်ထဲမှာတော်တော်မကောင်းဖြစ်ရပါ
ဒါရောဆိုရင် သုံးကြိမ်မြောက်ပါ ပထမအကြိမ်တုန်းက အမ၀မ်းကွဲ
ဆုံးတော့ သုဿန်မြေမှာ ဘကြီးရဲ့မိန်းမ ကြီးတော်က သူ့သမီးကို
နှမျောတသသလွမ်းဆွတ်ပြီး ဆွဲမနိုင်ငိုနေတာပါ ဒါပေမယ့်
နောက်ဆုံး သဂြိုလ်ခါနီး မှာ အခေါင်းလဲဆွဲဖွင့်လိုက်ရော သုံးရက်
ထားတဲ့ အမ၀မ်းကွဲအလောင်းဟာ ပုပ်ပွပြီးတော့ မျက်လုံးတွေလဲပြူး
ထွက် ပါးစပ်တွေထဲကလဲ အရည်တွေတရွှဲရွှဲနဲ့ တော်တော်သံဝေဂ
ရမိပါတယ် အဲဒီအချိန်မှာ ကြီးတော်ဖြစ်သူဟာလည်း အငိုတိတ်ပြီးတော့ အနားကိုမကပ်တော့ပါဘူး အဲဒီတခဏ သိရတဲ့ အသိ သတိဟာ တဘ၀စာ ဖြစ်ခဲ့မယ်ဆိုရင်
လောကုတ္တရာလမ်းကြောင်းပေါ် ကိုတစိုက်မတ်မတ်
လျှောက်လှမ်းနိုင်မှာပါ ဒါပေမယ့် ပုထုဇဉ်ပေမို့ အချိန်ကြာလာနဲ့
အမျှမေ့ပျောက်သွားတာပါဘဲ.......
ဒုတိယ အကြိမ်ကတော့ ကိုယ်တွေ့ဖြစ်ရပ်ပါဘဲ ပဲခူးရိုးမ တောင်တန်းဟာ ဘုရားကြီးကနေ တဆင့် ပျဉ်ပုံကြီးဆိုတဲ့ မြို့ကလေးကနေ သွားရတာပါ အဲဒီမြို့က
လေးကနေခွဲထွက်လိုက်ပြီဆိုတာနဲ့
တွေ နဲ့သွားရတာပါ ရိက္ခာအဖြစ် ဆန် 7 ပြည် ဆား နဲ့ တခြား စားသောက်ဖွယ်ရာတွေ အ၀တ်အစားတွေသယ်ဆောင်ပြီးတော့ ခရီးစပါတယ် ကားနောက် ကသံကိုင်းတွေကိုကိုင်ပြီးတော့ ဘာအကာအကွယ်မှလည်းမပါပါဘူး အကိုဝမ်းကွဲနဲ့အတူ ရိုးမထဲကိုဝင်ခဲ့တယ် အချိန်ကတော့ နေ့လည် 12နာရီလောက်ကစ၀င်တာပါ
ရိုးမ ထဲကိုဝင်ရတဲ့အကြောင်းကတော့ သစ်ထုတ်ဖို့ရည်ရွယ်ချက်ပါ
ဒါပေမယ့် တောထဲကိုလူလွှတ်ပြီးကာမှ လမ်းကြောင်းအဖမ်းအဆီးတွေ
များလို့ သစ်မထုတ်ပဲ ဓနိပဲထုတ်မယ်ဆိုပြီးတော့ ၀င်ခဲ့ကြတာပါ
ဒါနဲ့ တသက်နဲ့တကိုယ် ရိုးမတောထဲကိုတခါမှလည်း မရောက်ခဲ့ဘူး
ပါဘူး အကိုဝမ်းကွဲနဲ့မို့သာ လိုက်လာတာ ဘယ်မှာဘာရှိတယ်ဆို
တာလည်းမသိပါဘူး ရိုးမတောကတော့အရမ်း လှပသလို အန္တရာယ်
လည်းအရမ်းများပါတယ် ကားလမ်းဘေးတွေကြည့်လိုက်ရင်
ချောက်ကမ်းပါးနက်နက်ကြီးတွေ က ပြုတ်ကျရင်အသက်ရှင်ဖို့မလွယ်
လောက်ပါဘူး သစ်စခန်းတွေရောက်တိုင်းရောက်တို
တို့နိုင်ငံရဲ့ သယံဇာတတွေဖြစ်တဲ့ ကျွန်း ပျဉ်းကတိုး တောင်ပိန်း အစရှိတဲ့ သစ်လုံးတွေတင်ထားတဲ့ ကားတွေတန်းစီပြီးအလွန်ကြည့်
လို့ကောင်းပါတယ် ကားတစီးဟာဆိုရင် ကားတစီးလုံးသစ်လုံးတလုံး
ထဲတင်ထားတာ လုံးပတ်ကလူလေးငါးဖက်လောက် ရှိမယ် အရမ်း
အံ့သြရပါတယ် ဒီလိုနဲ့ကိုးနာရီလောက် စခန်းအနီးတ၀ိုက်ကိုကားက
ချပေးခဲ့တော့ စခန်းကိုရောက်အောင် ခြေလျှင်လျှောက်ရပါတယ် ဖယောင်းတိုင်မီးလေးနဲ့ ညီအကိုနှစ်ယောက်လမ်းလျှောက်သွား
သရဲသဘက်တွေနဲ့များ တွေ့လေမလားဆိုပြီး စိုးရွံ့ရပါသေးတယ်
ဒါပေမယ့် မိနစ်သုံးဆယ်လောက်အတွင်းမှာပဲ စခန်းကိုရောက်သွား ပါတယ် စခန်းကိုရောက်တော့ နောက်နေ့အတွက်လုပ်ဖို့ ကိုင်ဖို့တွေ
အားလုံးတိုင်ပင်ကြပြီးတော့ အိပ်ကြပါတယ် မီးလင်းဖိုကြီးအကြီးကြီးဖို
ပြီးတော့ အိပ်ပါတယ် ဒီလိုနဲ့ပင်ပန်းပြီးအိပ်ပျော်သွ
ညဘက် နှစ်နာရီထိုးတော့ ကျွန်တော့ ရင်ဘက်ကို အကိုဖြစ်သူက
လာပုတ်ပါတယ် အဲဒီအချိန်မှာပဲ နားထဲမှာ တန် တန် တန် ဆိုတဲ့ အသံကကြားပါတယ် ဒါကြောင့် အကိုဘာဖြစ်လို့တုန်းလို့
မေးကြည့်တော့ ဆင် အသံကြားတယ်တဲ့ သစ်ထုတ်တဲ့ ဆင်တွေပါ
မုန်ယိုနေတာလားမသိဘူး သူပြောတဲ့ တခဏအတွင်းမှာပဲ စခန်းထဲ
ကိုတဇွတ်ထိုးဝင်လာပါတယ် အဲဒါနဲ့ အလုပ်သမားတယောက်က
တော့ မီးတုတ်နဲ့ခြောက်ပါသေးတယ်မရဘူး အဲဒါနဲ့ အားလုံးပဲ ထွက်ပြေးကြရတော့တယ် ပြေးတာပြေးရတာ ဘယ်ကိုပြေးရမယ်မှန်း
မသိတော့ စခန်းကထွက်ထွက်ခြင်း ရိုးထဲကိုထိုးပြီးကျသွားတာပဲ
အရမ်းကြီးတော့မနက်ပါဘူး ဒလိမ့်ကောက်ကွေးပါဘဲ ဒါပေမယ့်
အသက်သေမှာကြောက်တော့ ချက်ခြင်းကုန်းထပြီးတော့ ဆက်ပြီး
ပြေး ပြေးတော့ ရှေ့ကကမ်းပါးကို ကျော်တက်မလို့လုပ်တော့ ဓနိ
တောကြီးပိတ်နေတယ် ဓနိ ဆိုတဲ့အပင်တွေက ဆူးတွေအထပ်ထပ်
နဲ့မို့ တတ်လို့မရဘူး အဲဒါနဲ့ ရွတ်လိုက်ဖတ်လိုက်ရတာလဲ စုံနေတာပဲ
အဲဒီအချိန်မှာ အိမ်မှာကျန်နေခဲ့တဲ့ အဖေ နဲ့ အမေ အမ နဲ့ ညီလေး ကို
အရမ်းကိုပဲတမ်းတမိတယ် ခွဲရမှာအရမ်းကြောက်တယ် သေမင်းက
လက်တကမ်းမှာဆိုတဲ့ အသိက လူကိုအရမ်းတုန်လှုပ်ခြောက်ခြား
စေတယ် ဒီလိုနဲ့ လူစုတွေကွဲကုန်တယ် ဘာမီးမှမပါဘဲ ကမ်းပါးပေါ်
ကို ကံကောင်းစွာရောက်ခဲ့တယ် ဒါပေမယ့်တယောက်တည်း
လူတဖက်လောက်ရှိမယ့် သစ်ပင်ကြီးလဲနေတဲ့အောက်မှာ ၀ပ်နေရင်
ကောင်းမလား စဉ်းစားတယ် မဖြစ်သေးဘူး ဆင်တွေကအနံ့ခံကောင်း
တယ်လို့ ကြားဘူးတယ် ဒါနဲ့ပဲအခြေအနေကြည့်ပြီး စောင့်ကြည့်နေ
လိုက်တယ် ဆင်ရိုင်းကတော့ စခန်းမှာမွှေနေတုန်းပဲ ဒါနဲ့ပဲ
တနာရီလောက်နေတော့ လူတွေပြန်ဆုံတယ် အားလုံးစုပြီးတော့
တခြားစခန်းဆီကိုပြေးကြတယ် ကျွန်တော့ဘကြီးကတော့
လမ်းမလျှောက်နိုင်တော့လို့ တရောက်တလဲ ကျောပိုးပြီးတော့
ပြေးကြတယ် ကားလမ်းလဲရောက်ရော သစ်တင်တဲ့ကားတစီးနဲ့ ဆုံတယ် အဲဒါနဲ့ပဲ ကားစီးပြီး တခြားစခန်းကို ဆုတ်ပြီးအိပ်ခဲ့ရတယ်
တကယ်တော့ လူ့ဘ၀ဆိုတာဟာ " သေမင်း " ရဲ့လက်တကမ်းမှာ
နီးနီးလေးဆိုတာကို ကြုံကြရပေမယ့် ပြီးသွားတာနဲ့မေ့ပြစ်လိုက်ကြ
တာပါပဲ ကျွန်တော်လည်းမေ့ခဲ့တာပါဘဲ မသေခင်လေးမှာ မော်ကြ
ကြွားကြ မာန်မာနတွေပြင်းထန်ကြနဲ့ သူနဲ့ကိုယ်အဆင့်မတူဘူးရယ်လို့
အောက်မေ့ နဲ့ တကယ်တော့ လူ ဆို တဲ့ လူသားမှန်သမျှ
တနေ့သေရမယ်ဆိုတာကို မေ့ထားပြီးနေနေကြတဲ့ ခဏတာရတဲ့
ပျော်ရွှင်မှုလေးတွေမှာ တပ်မက်နေကြတဲ့
သနားစရာကောင်းတဲ့ လူ သားတွေပါ။..........
ချစ်ဖို့ကောင်းတဲ့ လူ သားတွေပါ။...........
မသေခင်လေးမှာ အတူတကွ ချစ်ခင်ကြင်နာကြပါစို့လား
0 comments:
Post a Comment